ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ်ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။
တောလည် 30:14 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ယောက်ျားသည် ကြားသောနေ့မှစ၍ နောက်နေ့များတွင်လည်း သူ့အား ဘာဆိုဘာမျှမပြောဘဲနေလျှင် ထိုယောက်ျားသည် မယားပြုသောကတိသစ္စာအားလုံး၊ ဝန်ခံချက်အားလုံးကို တည်စေရာရောက်၏။ Common Language Bible သို့ရာတွင်ခင်ပွန်းသည်ဇနီး၏ကတိသစ္စာ အကြောင်းကိုကြားရသောနေ့၌မတားမြစ် လျှင် ဇနီးသည်မိမိ၏ကတိသစ္စာကိုတည် စေရမည်။ ခင်ပွန်းသည်ကြားရသောနေ့၌ မတားမြစ်သဖြင့်သဘောတူရာရောက် သည်။- Garrad Bible အ ကယ် ၍ လင် သည် နေ့ တိုင်း ဆိတ် ဆိတ် နေ လျှင် သ စ္စာ ဝတ် ထား သ မျှ၊ ဝန် ခံ သ မျှ ကို တည် စေ ရာ ရောက်၏။ Judson Bible လင်သည် တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်စွာနေလျှင်၊ မယားပြုသော သစ္စာကတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်းရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာနေသောကြောင့် တည်စေပြီ။ |
ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ်ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။
ထိုယောက်ျားသည် ကြားသောနေ့လွန်ပြီးမှ ဧကန်ပယ်ဖျက်လျှင် မယား၏ဒုစရိုက်ကို တာဝန်ယူရမည်”ဟု ဆိုလေ၏။