အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
တောလည် 30:1 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။ Common Language Bible မောရှေသည်သစ္စာပြုခြင်းနှင့်ဆိုင်သောပညတ် များကို ဣသရေလအနွယ်များခေါင်းဆောင် တို့အားအောက်ပါအတိုင်းညွှန်ကြားလေ သည်။- Garrad Bible ဣ သ ရေ လ အ မျိုး အ နွယ် အ သီး အ သီး၏ အ အုပ် အ ချုပ် တို့ အား မော ရှေ က၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် မှာ ယောက်ျား တစ် ဦး သည်၊ Judson Bible တစ်ဖန် ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊ |
အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
မောရှေသည် မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံနှင့် မိမိပြုရန် မိန့်မှာတော်မူသောနိမိတ်လက္ခဏာအလုံးစုံတို့ကို အာရုန်အားပြောကြားလေ၏။
မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။