မောရှေသည် အစ္စရေးသားဦးတို့ကို လေဝိအမျိုးတို့နှင့်ရွေးနုတ်ယူပြီးမှ ပိုသေးသောသူတို့အား ရွေးနုတ်သောအခငွေကို ခံယူလေ၏။
တောလည် 3:50 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အစ္စရေးအမျိုးသားတို့၏သားဦးတို့ထံမှ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေတစ်ထောင့်သုံးရာခြောက်ဆယ့်ငါးရှယ်ကယ် ခံယူ၏။ Common Language Bible ငွေသားတစ်ထောင့်သုံးရာခြောက်ဆယ့်ငါး ကျပ်ကို၊- Judson Bible မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တစ်ဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူပြီးလျှင်၊ |
မောရှေသည် အစ္စရေးသားဦးတို့ကို လေဝိအမျိုးတို့နှင့်ရွေးနုတ်ယူပြီးမှ ပိုသေးသောသူတို့အား ရွေးနုတ်သောအခငွေကို ခံယူလေ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်