လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
တောလည် 3:39 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။ Common Language Bible ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း အ ဆက် အ နွယ် အ လိုက်၊ မော ရှေ နှင့် အာ ရုန် တို့ ရေ တွက် သူ လေ ဝိ အ နွယ် သား တို့ တွင် တစ် လ ကျော် သား ပါ စာ ရင်း ဝင် ယောက်ျား ပေါင်း ကား နှစ် သောင်း နှစ် ထောင် ရှိ သ တည်း။ Judson Bible ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။ |
လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
သူတို့၏အမည်စာရင်းအရ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားအရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက် ဖြစ်၏။
အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျဉ်း၍ လမ်းသည်ကြမ်းတမ်း၏။ ထိုတံခါးကိုတွေ့ရှိသောသူတို့သည်လည်း နည်းလှ၏။