ဂေရရှုန်၏မျိုးနွယ်စုတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ကျောဘက်၊ အနောက်အရပ်၌ စခန်းချရမည်။
ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။-
စံ ရာ တော် ကျော ဘက်၊ အ နောက် မျက် နှာ ၌ ချ ရပ် ရ သော ဂေ ရ ရှုံ့ အ ဆက် အ နွယ် များ ပေါ် တွင်၊
ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မက်နှာ၌ နေရာချရမည်။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
ထို့နောက်မှ လေဝိတပ်ဖွဲ့သည် တွေ့ဆုံစည်းဝေးရာတဲတော်ကိုသယ်ဆောင်လျက် တပ်ဖွဲ့များ၏အလယ်မှနေ၍ ခရီးပြုရမည်။ သူတို့သည် စခန်းချသည့်အတိုင်း မိမိတို့၏အလံနှင့်အတူ အသီးသီးကိုယ့်နေရာနှင့်ကိုယ် ခရီးပြုရမည်။
တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် သူတို့၏အရေအတွက်မှာ ခုနစ်ထောင့်ငါးရာ ဖြစ်၏။
ဂေရရှုန်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် လေလ၏သား ဧလျာသပ် ဖြစ်၏။