ပုံမှန်မီးရှို့ရာယဇ်၊ ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ်၊ ဆိတ် ထီး တစ် ကောင် ကို လည်း ကောင်း၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊ ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ပြင် ဆက် ကပ် ကြ လော့။
အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကိုလည်းကောင်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာမှတစ်ပါး၊ ထပ်၍ပူဇော်ရမည်။
အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။ ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။ ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထာဝရဘုရား၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ပြတ်လေပြီ။ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်သောယဇ်ပုရောဟိတ်တို့လည်း ငိုကြွေးမြည်တမ်းကြလေပြီ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။
နွားထီး၊ သိုးထီးနှင့် သိုးသငယ်တို့အရေအတွက်အလိုက် ဘောဇဉ်ပူဇော်သက္ကာနှင့်သွန်းလောင်းရာပူဇော်သက္ကာတို့ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
စတုတ္ထနေ့၌ အပြစ်အနာအဆာကင်းသော နွားထီးဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။