ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
တောလည် 29:1 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမလ၊ ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထိုနေ့သည် သင်တို့ တံပိုးမှုတ်ရသောနေ့ဖြစ်၏။ Common Language Bible သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။- Garrad Bible သ တ္တ မ လ ပ ထ မ နေ့၌ လည်း တံ ပိုး မှုတ် ရာ ပွဲ နေ့ ဖြစ်၍ ကြိုး ကြိုး ပန်း ပန်း မ လုပ် ဘဲ ဓ မ္မ အ စည်း အ ဝေး ပြု ရာ တွင်၊ Judson Bible သတ္တမလ၊ ပထမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။ |
ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။
ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များ၊ ပြည်သားအချို့၊ ဗိမာန်တော်အစေအပါးများနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ့်မြို့ကိုယ့်ရွာသို့ ပြန်လာနေထိုင်ကြ၏။ ခုနစ်လမြောက်တွင် အစ္စရေးအမျိုးသားတို့သည် ကိုယ့်မြို့ကိုယ့်ရွာတွင် အခြေတကျဖြစ်လာကြ၏။
ခုနစ်လပိုင်း ပထမနေ့တွင် ယဇ်ပုရောဟိတ်ဧဇရသည် နားထောင်၍နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမအပါအဝင် လူအပေါင်းတို့ရှိရာသို့ ပညတ်တရားကျမ်းကိုယူလာ၍
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
ထာဝရဘုရားသည် မိမိကိုယ်ကို ထင်ရှားတော်မူမည်။ ကိုယ်တော်၏မြားတော်သည် လျှပ်ပြက်သကဲ့သို့ ထွက်သွားလိမ့်မည်။ ဘုရားရှင်ထာဝရဘုရားသည် တံပိုးကိုမှုတ်လျက် တောင်ဘက်မှမုန်တိုင်းနှင့်အတူ ကြွချီတော်မူမည်။
ခုနစ်သီတင်းမြောက်ပွဲတော်တွင် အဦးဆုံးသီးနှံပူဇော်သောနေ့၌ ထာဝရဘုရားအဖို့ သီးနှံအသစ်ပူဇော်သက္ကာကို ပူဇော်သောအခါ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။
သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့၌ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသောနွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
အဋ္ဌမနေ့၌ သင်တို့သည် ဓမ္မစည်းဝေးပွဲကြီးကို ပြုရမည်။ မည်သည့် အလုပ်ကိုမျှမလုပ်ရ။