တောလည် 28:16 - မြန်မာ့စံမီသမ္မာကျမ်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့သည် ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။ Common Language Bible နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။- Garrad Bible ပ ထ မ လ ဆယ့် လေး ရက် နေ့၌ ထာ ဝ ရ ဘု ရား၏ ပ သ ခါ ပွဲ ဖြစ်၏။ Judson Bible ပထမလ တစ်ဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။ |
ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
“ပသခါပွဲတော်ကျရောက်ရန် နှစ်ရက်သာလိုတော့သည်ကို သင်တို့သိကြ၏။ ထိုအခါ လူ့သားကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။