သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
တောလည် 28:13 - မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။ Common Language Bible သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။- Judson Bible သိုးသငယ်တစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် တစ်ဩမဲစီတည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ |
သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံနှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကိုလည်းကောင်း၊
နွားတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
နွားထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်၊ သိုးထီးတစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံ၊ သိုးသငယ်တစ်ကောင်လျှင် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်းတစ်ရက်နေ့တိုင်း လစဉ်ပူဇော်ရသောမီးရှို့ရာယဇ်ဖြစ်၏။