သူတို့၏ဘိုးဘေးအမျိုးအနွယ်ထဲမှ လေဝိအမျိုးတို့ကိုကား သူတို့နှင့်အတူ မရေတွက်ပေ။
တောလည် 26:62 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတွင် တစ်လသားအရွယ်နှင့်အထက်ရှိ ယောက်ျားအားလုံးတို့၏အရေအတွက်မှာ နှစ်သောင်းသုံးထောင် ရှိ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရသဖြင့် သူတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။ Common Language Bible လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။ Garrad Bible တစ် လ ကျော် သား ပါ စာ ရင်း ဝင် ယောက်ျား ပေါင်း ကား နှစ် သောင်း သုံး ထောင် ရှိ သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် အ မွေ ပုံ မ ခံ ရ သော ကြောင့် အ မျိုး စာ ရင်း၌ မ ပါ မ ဝင် ချေ။ Judson Bible အသက်တစ်လလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်း မဝင်ရကြ။ |
သူတို့၏ဘိုးဘေးအမျိုးအနွယ်ထဲမှ လေဝိအမျိုးတို့ကိုကား သူတို့နှင့်အတူ မရေတွက်ပေ။
“လေဝိအမျိုးအနွယ်တို့ကိုကား သင် မရေတွက်ရ။ အစ္စရေးအမျိုးသားတို့နှင့်အတူ သူတို့၏လူဦးရေစာရင်းကိုလည်း မကောက်ရ။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့ကို ရေတွက်ခဲ့သောအရေအတွက် ဖြစ်၏။
ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
လေဝိအမျိုးသည် မိမိညီအစ်ကိုတို့နှင့်အတူ အမွေဝေစု မရကြ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်တော်မူ၏။)
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။
မောရှေသည် အစ္စရေးအမျိုးအနွယ် နှစ်နွယ်နှင့်တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အမွေမြေပေးခဲ့ပြီးဖြစ်၏။ လေဝိအမျိုးကိုကား အမွေမြေ မခွဲပေး။