လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
တောလည် 26:5 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေး၏သားဦးမှာ ရုဗင်ဖြစ်၏။ ရုဗင်၏အမျိုးအနွယ်များကား ဟာနုတ်မှဆင်းသက်သော ဟာနုတ်မျိုးနွယ်စု၊ ဖာလုမှဆင်းသက်သော ဖာလုမျိုးနွယ်စု၊ Common Language Bible ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊- Garrad Bible ဣ သ ရေ လ သား ဦး ရု ဗင်၏ သား စဉ် မြေး ဆက် ကား၊ ဟာ နုတ် မှ ဆင်း သက် သော ဟာ နုတ် အ ဆက် အ နွယ်၊ ဖာ လု မှ ဆင်း သက် သော ဖာ လု အ ဆက် အ နွယ်၊ Judson Bible အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သားဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေအမျိုး၊ ဖာလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊ |
လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။
အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကား ဤသူတို့တည်း။ အစ္စရေး၏သားဦးဖြစ်သူရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုန်၊ ကာမိ တို့ဖြစ်ကြ၏။ ဤသည်ကား ရုဗင်၏မျိုးနွယ်စုဖြစ်၏။
အစ္စရေး၏သားဦးဖြစ်သော ရုဗင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
“မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ယူလော့”ဟု ဆိုလေ၏။ အီဂျစ်ပြည်မှထွက်လာသောအစ္စရေးလူမျိုးတို့၏အမျိုးအနွယ်များကား
ဟေဇရုံမှဆင်းသက်သော ဟေဇရုန်မျိုးနွယ်စု၊ ကာမိမှဆင်းသက်သော ကာမိမျိုးနွယ်စု တို့ဖြစ်ကြ၏။