အသရေလမှဆင်းသက်သော အသရေလမျိုးနွယ်စု၊ ရှေခင်မှဆင်းသက်သော ရှေခင်မျိုးနွယ်စု၊
တောလည် 26:30 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်၏အမျိုးအနွယ်များကား ယေဇေရမှဆင်းသက်သော ယေဇေရမျိုးနွယ်စု၊ ဟေလက်မှဆင်းသက်သော ဟေလက်မျိုးနွယ်စု၊ Common Language Bible ယေဇေရ၏သားချင်းစု၊ ဟေလက်၏သားချင်း စု၊- Garrad Bible ဂိ လဒ် သား စဉ် မြေး ဆက် ကား၊ ယေ ဇာ မှ ဆင်း သက် သော ယေ ဇာ့ အ ဆက် အ နွယ်၊ ဟေ လက် မှ ဆင်း သက် သော ဟေ လက် အ ဆက် အ နွယ်၊ Judson Bible ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊ |
အသရေလမှဆင်းသက်သော အသရေလမျိုးနွယ်စု၊ ရှေခင်မှဆင်းသက်သော ရှေခင်မျိုးနွယ်စု၊
ကျန်ရှိသော မနာရှေ၏သားမြေးများဖြစ်သည့် အဗျေဇာအမျိုး၊ ဟေလက်အမျိုး၊ အသရေလအမျိုး၊ ရှေခင်အမျိုး၊ ဟေဖာအမျိုး၊ ရှမိဒအမျိုး တို့သည် မျိုးနွယ်စုအလိုက် အမွေမြေရကြ၏။ ဤသူတို့သည် ယောသပ်သား မနာရှေမှဆင်းသက်လာသော မျိုးနွယ်စုအလိုက် သားယောက်ျားများ ဖြစ်၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်တော်မူသဖြင့် သူသည် တံပိုးကိုမှုတ်လိုက်သောအခါ အဗျေဇာအမျိုးသားတို့သည် သူ့ထံ လာရောက်စုဝေးကြ၏။
ဂိဒေါင်ကလည်း “ငါပြုသောအမှုသည် သင်တို့ပြုသောအမှုနှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း။ အဗျေဇာအမျိုးသားစပျစ်သီးစုသိမ်းခြင်းထက် ဧဖရိမ်အမျိုးသားကောက်သင်းကောက်ခြင်းက သာ၍ကောင်းသည်မဟုတ်လော။