ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
တောလည် 26:28 - မြန်မာ့စံမီသမ္မာကျမ်း မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ်များကား မနာရှေနှင့်ဧဖရိမ် တို့ဖြစ်ကြ၏။ Common Language Bible ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။ Garrad Bible အ ဆက် အ နွယ် အ လိုက်၊ ယော သပ်၏ သား မ နာ ရှေ နှင့် ဧ ဖ ရိမ် တို့ တွင်၊ Judson Bible ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင် |
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
မနာရှေအမျိုးတစ်ဝက်တို့သည် လူဦးရေများပြားသဖြင့် ဗာလဟေရမုန်အရပ်၊ စနိရတောင်မှ ဟေရမုန်တောင်အထိ ဗာရှန်ပြည်တစ်လျှောက်လုံးတွင် နေထိုင်ကြ၏။
မနာရှေ၏သားများမှာ မယားငယ်ဆီးရီးယားသူမှမွေးသော အသရေလနှင့် ဂိလဒ်၏ဖခင် မာခိရ တို့ဖြစ်ကြ၏။
မနာရှေ၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
မြေကြီးရတနာ၊ မြေကြီး၏ကြွယ်ဝခြင်းအားဖြင့်လည်းကောင်း၊ မီးတောက်နေသောချုံပုတ်၌ကိန်းဝပ်တော်မူသောအရှင်၏ကျေးဇူးတော်အားဖြင့်လည်းကောင်း ယောသပ်၏ဦးခေါင်း၊ ညီအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောယောသပ်၏ဦးထိပ်ပေါ်၌ ထာဝရဘုရားထံတော်မှကောင်းချီးသက်ရောက်ပါစေသော။
ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။