ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
တောလည် 26:22 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ယုဒ၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ခုနစ်သောင်းခြောက်ထောင့်ငါးရာရှိ၏။ Common Language Bible ဤသားချင်းစုတို့၏ဦးရေမှာ ခုနစ်သောင်း ခြောက်ထောင့်ငါးရာယောက်ဖြစ်သည်။ Garrad Bible ထို သို့ ဖြစ် သော ယု ဒ အ ဆက် အ နွယ် စာ ရင်း ဝင် လူ ပေါင်း ကား၊ ခု နစ် သောင်း ခြောက် ထောင့် ငါး ရာ ရှိ သ တည်း။ Judson Bible ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။ |
ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။
ထာဝရဘုရားသည် သင်တို့ကိုလည်းကောင်း၊ သင်တို့မှစ၍ သင်တို့၏သားသမီးတို့ကိုလည်းကောင်း တိုးပွားစေတော်မူပါစေသော။
ဖာရက်၏အမျိုးအနွယ်များကား ဟေဇရုန်မှဆင်းသက်သော ဟေဇရုန်မျိုးနွယ်စု၊ ဟာမုလမှဆင်းသက်သော ဟာမုလမျိုးနွယ်စု တို့ဖြစ်ကြ၏။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။