ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
တောလည် 23:4 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်နှင့် တွေ့လေ၏။ ထိုအခါ ဗာလမ်က ဘုရားသခင်အား “အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ”ဟု လျှောက်လေ၏။ Common Language Bible ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။ Garrad Bible ကုန်း ထိပ် သို့ တက် သွား ရာ ဘု ရား သ ခင် တွေ့ ကြုံ တော် မူ သော် ဗာ လမ် က၊ အ ကျွန်ုပ် သည် ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို ပြု ပြင် လျက် ပ လ္လင် တိုင်း ပေါ် တွင် နွား သိုး တစ် ကောင် စီ ကို ဆက် ကပ် ပါ ပြီ ဟု တင် လျှောက် လေ ၏။ Judson Bible ဘုရားသခင်သည် ဗာလမ်ကိုကြိုဆိုတော်မူလျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ပလ္လင်တစ်ခုတစ်ခုအပေါ်မှာ နွားထီးတစ်ကောင်စီနှင့် သိုးထီးတစ်ကောင်စီကို ပူဇော်ပါပြီဟု လျှောက်လေ၏။ |
ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ဗာလမ်ထံသို့ကြွလာ၍ “သင့်ထံရောက်နေသောဤလူတို့သည် မည်သူနည်း”ဟု မေးတော်မူ၏။
ထိုအခါ ဗာလမ်က ဗာလက်မင်းကြီးအား “ဤအရပ်၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
ထာဝရဘုရားသည် ဗာလမ်နှင့်တွေ့၍ ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီး “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
ထာဝရဘုရားသည် ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီးလျှင် “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
‘နောက်ဆုံးလာသောဤသူတို့သည် တစ်နာရီမျှသာအလုပ်လုပ်ခဲ့ကြသော်လည်း အရှင်သည်သူတို့ကို တစ်နေကုန်နေပူထဲတွင်အပင်ပန်းခံရသည့်အကျွန်ုပ်တို့နှင့်တန်းတူ ဖြစ်စေပါသည်တကား’ဟု ခြံပိုင်ရှင်အား မကျေမနပ်ပြောဆိုကြ၏။
အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
မိမိပြုသောအမှုများကြောင့်မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။