ဤလူမျိုးသည် ခြင်္သေ့မကဲ့သို့ထကြွ၍ ခြင်္သေ့ထီးကဲ့သို့ မာန်ဝင့်နေ၏။ သူသည် သားကောင်ကိုမစားရမီ၊ သူကိုက်သတ်သောအကောင်၏သွေးကိုမသောက်ရမီ လဲလျောင်းနေမည်မဟုတ်”ဟု ဆိုလေ၏။
တောလည် 23:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗာလက်မင်းကြီးက ဗာလမ်အား “သူတို့ကို ကျိန်လည်းမကျိန်ဆဲပါနှင့်။ ကောင်းချီးလည်း အလျှင်းမပေးပါနှင့်”ဟု ဆိုလေ၏။ Common Language Bible ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။ Garrad Bible ဗာ လက် မင်း က၊ အ မင်္ဂ လာ ကို သော် လည်း ကောင်း၊ မင်္ဂ လာ ကို သော် လည်း ကောင်း မ ပေး ပါ နှင့် ဟု မြစ် တား လျှင်၊ Judson Bible ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန်ဆဲပါနှင့်။ ကောင်းချီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊ |
ဤလူမျိုးသည် ခြင်္သေ့မကဲ့သို့ထကြွ၍ ခြင်္သေ့ထီးကဲ့သို့ မာန်ဝင့်နေ၏။ သူသည် သားကောင်ကိုမစားရမီ၊ သူကိုက်သတ်သောအကောင်၏သွေးကိုမသောက်ရမီ လဲလျောင်းနေမည်မဟုတ်”ဟု ဆိုလေ၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ငါသည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းသာပြုရမည်ဟု သင့်အား ငါပြောခဲ့သည်မဟုတ်လော”ဟု ပြန်ပြော၏။