အကြောင်းမှာ သူတို့သည် အစ္စရေးအမျိုးသားတို့ကို အစာရေစာဖြင့်ဧည့်မခံဘဲ ဗာလမ်ကိုငှားရမ်း၍ ကျိန်ဆဲစေခဲ့၏။ သို့သော် ငါတို့၏ဘုရားသခင်သည် ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
တောလည် 23:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗာလက်မင်းကြီးက ဗာလမ်အား “သင်သည် အကျွန်ုပ်ကိုမည်သို့ပြုသနည်း။ အကျွန်ုပ်၏ရန်သူတို့ကိုကျိန်ဆဲရန် သင့်ကိုအကျွန်ုပ်ခေါ်ခဲ့၏။ သင်ကား သူတို့ကို လုံးလုံးကောင်းချီးပေးလေပြီတကား”ဟု ဆို၏။ Common Language Bible ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်မည်သို့ပြုလုပ်လိုက်ပါသနည်း။ အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့ပါသော်လည်း ကိုယ်တော်သည်သူတို့ ကိုကောင်းချီးပေးပါသည်တကား'' ဟုဆို၏။ Garrad Bible ဗာ လက် မင်း က၊ ကိုယ် တော် သည် ကျွန်ုပ်၌ မည် သို့ ပြု ဘိ သ နည်း။ ကျွန်ုပ် သည် ရန် သူ တို့ ကို အ မင်္ဂ လာ ပေး ရန် ခေါ် လျက် ပင် မင်္ဂ လာ ကို သာ ပေး ပါ သည် တ ကား ဟု ဆို သည့် ကာ လ၊ Judson Bible ဗာလက်မင်းကလည်း၊ သင်သည် ငါ၌အဘယ်သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကိုငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းချီးပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊ |
အကြောင်းမှာ သူတို့သည် အစ္စရေးအမျိုးသားတို့ကို အစာရေစာဖြင့်ဧည့်မခံဘဲ ဗာလမ်ကိုငှားရမ်း၍ ကျိန်ဆဲစေခဲ့၏။ သို့သော် ငါတို့၏ဘုရားသခင်သည် ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။
လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှ ထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ ယခုလာ၍ ငါ့အတွက် သူတို့ကိုကျိန်ဆဲပါလော့။ ငါသည် သူတို့ကို တိုက်ခိုက်၍ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်ဟု ဆိုပါ၏”ဟု ပြန်လျှောက်လေ၏။
အကျွန်ုပ်သည် သင့်ကို များစွာဂုဏ်ပြုချီးမြှောက်ပါမည်။ သင်ပြောသမျှကိုလည်း ငါပြုပါမည်။ ယခု လာ၍ အကျွန်ုပ်အတွက် ဤလူမျိုးကို ကျိန်ဆဲပါလော့’ဟူ၍ မှာကြားသည်”ဟု ဆိုကြ၏။
ဗာလမ်ကလည်း “ငါ၏နှုတ်၌ ထာဝရဘုရားသွင်းပေးတော်မူသောစကားကိုသာပြောရန် ငါသတိပြုရမည်မဟုတ်လော”ဟု ဆိုလျက် ပြန်ဖြေလေ၏။
ထိုအခါ ဗာလက်မင်းကြီးသည် ဗာလမ်ကို အမျက်ထွက်လေ၏။ ထို့ကြောင့် လက်ဝါးရိုက်၍ ဗာလမ်အား “အကျွန်ုပ်၏ရန်သူကို ကျိန်ဆဲရန် သင့်အား အကျွန်ုပ်ခေါ်ခဲ့၏။ ယခုမူကား သင်သည် သူတို့ကို သုံးကြိမ်တိုင်အောင် ကောင်းချီးလုံးလုံးပေးလေပြီတကား။