ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။
တောလည် 22:30 - မြန်မာ့စံမီသမ္မာကျမ်း မြည်းကလည်း ဗာလမ်အား “ငါသည် ယနေ့အထိ သင်အစဉ်အမြဲစီးသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ ငါသည် သင့်အား ဤသို့ပြုလေ့ရှိသလော”ဟု ဆိုသော် ဗာလမ်က “မရှိပါ”ဟု ဆို၏။ Common Language Bible ထိုအခါမြည်းက``ငါသည်သင်စီးနေကျ မြည်းမဟုတ်ပါသလော။ ငါသည်ယခင်ဤ ကဲ့သို့ပြုခဲ့ဖူးပါသလော'' ဟုဗာလမ်အား မေးလေ၏။ ဗာလမ်က``မပြုဘူး'' ဟုပြန်ပြော၏။ Garrad Bible မြည်း က၊ အ ကျွန်ုပ် သည် တစ် သက် ပတ် လုံး ယ နေ့ တိုင် အောင် ကိုယ် တော် စီး သော မြည်း မ ဟုတ် ပါ လော။ ထို သို့ ပြု လေ့ ရှိ ဖူး ပါ သ လော ဟု ဗာ လမ် အား မေး သော် မ ရှိ ဟု ဝန် ခံ ပြီး နောက်၊ Judson Bible မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တစ်ခါမျှ ဤသို့ငါပြုဖူးသလောဟု ဗာလမ်အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။ |
ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။
ထိုအခါ ထာဝရဘုရားသည် ဗာလမ်၏မျက်စိကို ဖွင့်တော်မူသဖြင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက်လမ်း၌ရပ်နေသည်ကို ဗာလမ်မြင်၍ ဦးညွှတ်ပျပ်ဝပ်လေ၏။
သို့သော် ဗာလမ်သည် မိမိ၏မှားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းကိုခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံဖြင့် စကားပြောလျက် ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။