ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။
တောလည် 22:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူသဖြင့် မြည်းက ဗာလမ်အား “ငါမည်သို့ပြုမိသဖြင့် သင်သည် ငါ့ကို ဤသို့သုံးကြိမ်ရိုက်ရသနည်း”ဟု မေးလျှင် Common Language Bible ထိုအခါထာဝရဘုရားသည်မြည်းကိုလူကဲ့ သို့ စကားပြောစေသဖြင့်မြည်းကဗာလမ် အား``ငါ့ကိုအဘယ်အပြစ်ကြောင့်သုံးကြိမ် တိုင်အောင်ရိုက်ရပါသနည်း'' ဟုမေးလေ သည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် မြည်း၏ နှုတ် ကို ဖွင့် တော် မူ သ ဖြင့် အ ကျွန်ုပ် ကို သုံး ကြိမ် မြောက် ရိုက် နှက် စေ ရန်၊ Judson Bible ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊ |
ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။
ဗာလမ်က မြည်းအား “သင်သည် ငါ့ကို မထီလေးစားပြုပါသည်တကား။ ငါ့လက်ထဲ၌ဓားရှိလျှင် ယခုပင် သင့်ကိုငါသတ်ပြီ”ဟု ဆို၏။
ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။
သို့သော် ဗာလမ်သည် မိမိ၏မှားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းကိုခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံဖြင့် စကားပြောလျက် ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။