မောရှေနှင့်အာရုန်သည် လူအစုအဝေးတို့ကို ကျောက်တုံးရှေ့၌ စုရုံးစေပြီးလျှင် သူတို့အား “ပုန်ကန်သူတို့၊ နားထောင်လော့။ ငါတို့သည် သင်တို့အတွက် ဤကျောက်တုံးမှ ရေထွက်စေရမည်လော”ဟု ဆိုပြီးလျှင်
သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
အာ ရုန် နှင့် အ တူ လူ ပ ရိ သတ် ကို ကျောက် တောင် ရှေ့ စု ရုံး စေ ပြီး လျှင် မော ရှေ က၊ အို ပုန် ကန် သူ တို့၊ နား ထောင် ကြ လော့။ ငါ တို့ သည် ဤ ကျောက် တောင် ထဲ မှ သင် တို့ အ ဖို့ ရေ ထွက် စေ ရ မည် လော ဟု ဆို လျက် လက် ရုံး မြှောက် ချီ၍၊
အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဖို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟု ဆိုလျက်၊
သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
ကျောက်ထဲမှ ရေစီးထွက်စေ၍ မြစ်ရေများကဲ့သို့ စီးဆင်းစေတော်မူ၏။
ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။
“အာရုန်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ အကြောင်းမူကား သင်တို့သည် မေရိဘစမ်းရေနားတွင် ငါ့အမိန့်ကိုဖီဆန်ကြသောကြောင့် အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။