တောလည် 2:25 - မြန်မာ့စံမီသမ္မာကျမ်း ဒန်တပ်စခန်း၏အလံနားရှိ ဒန်တပ်ဖွဲ့သည် မြောက်ဘက်၌ စခန်းချရမည်။ အမိရှဒ္ဒဲ၏သား အဟေဇာသည် ဒန်အမျိုးသားတို့၏ခေါင်းဆောင်ဖြစ်ရမည်။ Common Language Bible မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ၆၂၇၀၀ အာရှာ သြကရန်၏သားပါဂျေလ ၄၁၅၀၀ နဿလိ ဧနန်၏သားအဟိရ ၅၃၄၀၀ စုစုပေါင်း ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။ Garrad Bible မြောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဒန့် တပ် ပိုင်း၊ ဒန့် အ နွယ် သား စာ ရင်း ဝင် သူ ခြောက် သောင်း နှစ် ထောင့် ခု နစ် ရာ တပ် ပေါ် တွင် အ မိ ရှ ဒ္ဒဲ သား အ ဟေ ဇာ ဗိုလ် လုပ် ရ မည်။ Judson Bible တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ |
ဒန်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
ဒန်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ တပ်စခန်းအားလုံးကိုအကာအကွယ်အဖြစ် နောက်ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိရှဒ္ဒဲ၏သား အဟေဇာ ဦးစီး၏။
မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။
ဒသမနေ့၌ ဒန်သားမြေးတို့၏ခေါင်းဆောင်၊ အမိရှဒ္ဒဲ၏သား အဟေဇာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိရှဒ္ဒဲ၏သား အဟေဇာ၏ပူဇော်သက္ကာများ ဖြစ်၏။