ဧဖရိမ်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တို့ရှေ့တွင် ကိုယ်တော်၏အစွမ်းတန်ခိုးကိုနှိုးဆော်၍ အကျွန်ုပ်တို့ကိုကယ်တင်ရန် ကြွလာတော်မူပါ။
တောလည် 2:24 - မြန်မာ့စံမီသမ္မာကျမ်း တပ်ဖွဲ့အလိုက် ဧဖရိမ်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်ထောင့်တစ်ရာ ဖြစ်၏။ သူတို့သည် တတိယနေရာမှ ခရီးပြုရမည်။ Garrad Bible တပ် စဉ် အ တိုင်း ဧ ဖ ရိမ့် တပ် ပိုင်း စာ ရင်း ဝင် လူ ပေါင်း ကား တစ် သိန်း ရှစ် ထောင့် တစ် ရာ ရှိ သ တည်း။ ဤ သူ တို့ သည် တ တိ ယ ချီ ကြ ရ မည်။ Judson Bible ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။ |
ဧဖရိမ်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တို့ရှေ့တွင် ကိုယ်တော်၏အစွမ်းတန်ခိုးကိုနှိုးဆော်၍ အကျွန်ုပ်တို့ကိုကယ်တင်ရန် ကြွလာတော်မူပါ။
ထို့နောက် ဧဖရိမ်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိဟုဒ်၏သား ဧလိရှမာ ဦးစီး၏။
တပ်ဖွဲ့အလိုက် ရုဗင်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ် ဖြစ်၏။ သူတို့သည် ဒုတိယနေရာမှ ခရီးပြုရမည်။
တပ်ဖွဲ့အလိုက် ဒန်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာ ဖြစ်၏။ သူတို့သည် မိမိတို့၏အလံနှင့်အတူ နောက်ဆုံးနေရာမှ ခရီးပြုရမည်”ဟု မိန့်တော်မူ၏။
တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။