အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
တောလည် 19:20 - မြန်မာ့စံမီသမ္မာကျမ်း မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။ Common Language Bible ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။- Garrad Bible မ သန့် ရာ ရောက် မိ၍ အာ ပတ် ကင်း ခြင်း ကို မ ပြု သော သူ မှာ မူ ထာ ဝ ရ ဘု ရား၏ သန့် ရှင်း ရာ ဌာ န တော် ကို မ သန့် အောင် ပြု သော ကြောင့် လူ ပ ရိ သတ် ဘောင် မှ ပယ် ရှား ခံ ရ မည်။ အ ညစ် အ ကြေး ကင်း ရှင်း ရာ ရေ သွန်း ပက် ခြင်း ကို မ ခံ သည့် အ တွက် မ သန့် လျက် နေ သေး၏။ အ မြဲ ထုံး ဖွဲ့ ချက် ကား ထို သို့ တည်း။ Judson Bible မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှာ မပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။ |
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
သူသည် အဝတ်မလျှော်၊ ရေမချိုးလျှင် ကိုယ့်အပြစ် ကိုယ်ခံရမည်”ဟု သူတို့အား ပြောကြားရမည်။
အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်မကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ အပြစ်ကိုတမင်တကာပြုသောသူသည် ထာဝရဘုရားကိုစော်ကားသောသူဖြစ်၍ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။
မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။