အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
တောလည် 16:42 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။ Common Language Bible သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။- Judson Bible ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။ |
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် သိနာတောင်ပေါ်၌တည်၍ တိမ်တိုက်သည် ခြောက်ရက်ပတ်လုံး တောင်ကိုဖုံးလွှမ်းလေ၏။ သတ္တမနေ့၌ ထာဝရဘုရားသည် မောရှေအား တိမ်တိုက်ထဲမှ ခေါ်တော်မူ၏။
မောရှေနှင့်အာရုန်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်ကြ၏။ သူတို့ ပြန်ထွက်လာ၍ လူတို့ကိုကောင်းချီးပေးသောအခါ ထာဝရဘုရား၏ဘုန်းအသရေသည် လူအပေါင်းတို့အား ထင်ရှားပြတော်မူ၏။
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ရေမရှိသဖြင့် လူထုတို့သည်စုရုံး၍ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ကြ၏။
မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။