ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
တောလည် 16:4 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထိုစကားကိုကြားသောအခါ ပျပ်ဝပ်လျက်နေလေ၏။ Common Language Bible မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။- Judson Bible ထိုစကားကိုမောရှေကြားလျှင် ပျပ်ဝပ်လျက်နေ၏။ |
ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။