ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
တောလည် 16:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုစကားအားလုံးကို မောရှေပြောပြီးသည်နှင့် ထိုသူတို့နင်းထားသောမြေသည် အက်ကွဲလေ၏။ Common Language Bible မောရှေ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဒါသန်နှင့်အဘိရံအောက်တွင်ရှိသော မြေသည်ကွဲအက်၍၊- Garrad Bible ပြော ဆို သည့် အ ဆုံး၌ မြေ ပ ထ ဝီ သည် သူ တို့ အောက် ကွဲ လျက်၊ Judson Bible ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာမြေကြီးသည် ကွဲ၍၊ |
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ သူတို့နှင့်သူတို့၏အိမ်သူအိမ်သားများ၊ ကောရနှင့်ဆိုင်သောသူရှိသမျှ၊ သူတို့၏ဥစ္စာရှိသမျှတို့ကို မျိုလေ၏။
လူတို့က မောရှေအား “ထာဝရဘုရားရှေ့တော်၌ ငါတို့၏ညီအစ်ကိုများသေစဉ်က ငါတို့လည်း သေခဲ့ပါစေလား။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။