အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 16:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူ​တို့​သည် ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​လေ​၏​။ ဒါသန်​နှင့်​အဘိရံ​သည်​လည်း မိမိ​တို့​၏​သား​မယား​များ​နှင့် ကလေးငယ်​များ​ပါ​ထွက်လာ​၍ တဲ​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကော ရ၊ ဒါ သန်၊ အ ဘိ ရံ တို့ နေ ရာ အ ရပ် ပတ် ဝန်း ကျင် မှ ထွက် ခွာ ကြ၏။ ဒါ သန်၊ အ ဘိ ရံ တို့ လည်း မ ယား သား သ မီး တို့ နှင့် တ ကွ ကိုယ့် တဲ ဝ သို့ ထွက် လျက် ရပ် နေ ကြ ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

လူ​များ​တို့​သည် ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တဲ ပတ်​ဝန်း​ကျင်၌​မ​နေ​ဘဲ ရှောင်​လွှဲ၍​သွား​ကြ​သ​ဖြင့်၊ ဒါ​သန်၊ အ​ဘိ​ရံ​သည်၊ သား​မ​ယား​အ​က​လေး​များ​နှင့်​တ​ကွ ထွက်၍ မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။



တော​လည် 16:27
9 ပူးပေါင်းရင်းမြစ်များ  

ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။


မောရှေ​သည် တဲ​တော်​သို့ သွား​သောအခါ လူ​အပေါင်း​တို့​သည်​ထ​၍ မိမိ​တို့​၏​တဲ​အဝင်ဝ​တွင် အသီးသီး​ရပ်​လျက် တဲ​တော်​ထဲသို့ မောရှေ​ဝင်သွား​သည့်​တိုင်အောင် သူ​၏​နောက်မှ ကြည့်​နေ​ကြ​၏​။


ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် မာနကြီး​ခြင်း​ဖြစ်​၏​။ ပြိုလဲ​ခြင်း​၏​ရှေ့ပြေး​ကား ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။


ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် လူ​၏​ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။


ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။


လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍


ကောရ​၏​သား​တို့​မူကား အသတ်​မ​ခံရ​ကြ​။