တောလည် 15:38 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သူတို့၏မျိုးဆက်အစဉ်အဆက် မိမိတို့အဝတ်၏ထောင့်စွန်းတို့၌ ပန်းဖွားကိုပြုလုပ်၍ ထိုထောင့်စွန်းပန်းဖွား၌ အပြာရောင်ကြိုးတပ်ရမည်။ Common Language Bible ``သင်တို့၏အဝတ်အင်္ကျီထောင့်စွန်းများ တွင်ပန်းပွားများပြုလုပ်၍ ပန်းပွားတစ်ခု စီတွင်ကြိုးပြာတပ်ထားရမည်။ သင်တို့ အမျိုးအစဉ်အဆက်ဤပညတ်ကိုစောင့် ထိန်းရမည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် အ မျိုး အ စဉ် အ ဆက် ပန်း ပွား များ ကို လုပ်၍ အ ဝတ် မြိတ်၌ ကြိုး ပြာ နှင့် တပ် ထား ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့။ Judson Bible သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။ |
သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။
ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။