တောလည် 15:13 - မြန်မာ့စံမီသမ္မာကျမ်း အမျိုးသားချင်းအပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်သောအခါ ထိုသို့ပြုကြရမည်။ Common Language Bible တိုင်းရင်းဖွားဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားနှစ်သက်တော်မူသော ရနံ့အဖြစ် သကာကိုဆက်သရာ၌ထိုနည်း အတိုင်းလိုက်နာရမည်။- Garrad Bible တိုင်း ရင်း သား အ ပေါင်း တို့ သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ ကို ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် သော် ထို နည်း အ တိုင်း ပြု ကြ စေ။ Judson Bible ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထိုသို့နှင့်အညီ ပြုရကြမည်။ |
သင်တို့တွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသား၊ သို့မဟုတ် သင်တို့၏မျိုးဆက်ထဲမှ တစ်ယောက်ယောက်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်လိုလျှင် သင်တို့ပြုသည့်အတိုင်း သူပြုရမည်။