ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
တောလည် 14:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ကိုစူးစမ်းခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်သည် မိမိတို့အဝတ်ကို ဆုတ်ဖြဲလျက် Common Language Bible ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊- Garrad Bible ပြည် ကို စူး စမ်း ခဲ့ သူ တို့ အ ပါ အ ဝင် ဖြစ် သော နုန့် သား ယော ရှု နှင့် ယေ ဖု န္နာ့ သား ကာ လက် တို့ သည် ကိုယ့် အ ဝတ် ကို ဆုတ် ပြီး လျှင်၊ Judson Bible ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊ |
ရုဗင်သည် တွင်းသို့ပြန်လာသောအခါ တွင်းထဲ၌ယောသပ်မရှိသဖြင့် မိမိ၏အဝတ်ကို ဆုတ်ဖြဲပြီးလျှင်
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
ထိုပြည်ကို သင်တို့နေထိုင်ရာဖြစ်စေမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ထဲသို့ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှဝင်ရလိမ့်မည်မဟုတ်။
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် အလွန်တရာသာယာဝပြောသောပြည်ဖြစ်ပါ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။
တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။