မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
တောလည် 14:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။ Common Language Bible ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။- Garrad Bible ထို အ ခါ ဣ သ ရေ လ အ မျိုး သား လူ ပ ရိ သတ် ဥဿုံ သည် တစ် ညဉ့် လုံး အော် ဟစ် မြည် တမ်း ငို ကြွေး လျက်၊ Judson Bible ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံးငိုကြွေးကြ၏။ |
မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
အစ္စရေးလူမျိုးတို့ကို ဖာရောမင်းကြီးလွှတ်ပေးသောအခါ ဘုရားသခင်က “ဤလူမျိုးသည် စစ်မှုနှင့်တွေ့လျှင် စိတ်ပြောင်းသွား၍ အီဂျစ်ပြည်သို့ ပြန်သွားလိမ့်မည်”ဟု ဆိုပြီး ဖိလိတ္တိပြည်ဘက်သွားသောလမ်းသည် နီးသော်လည်း သူတို့အား ထိုလမ်းဖြင့်ပို့ဆောင်တော်မမူပေ။
လူတို့သည် ထိုမကောင်းသောသတင်းကိုကြားကြသောအခါ ငိုကြွေးမြည်တမ်းလျက် မည်သူမျှ မိမိ၏အဆင်တန်ဆာကို မဆင်ဘဲနေကြ၏။
ထိုအရပ်၌ ဧရာမလူတို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
သို့သော် သင်တို့သည် မသွားလိုသဖြင့် သင်တို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်ကြ၏။
သင်တို့သည် ပြန်လာ၍ ထာဝရဘုရားရှေ့မှောက်၌ ငိုကြွေးကြသော်လည်း ထာဝရဘုရားသည် သင်တို့၏အသံကိုနားညောင်းတော်မမူ။ သင်တို့ကို ဂရုစိုက်တော်မမူ။
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။
ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။