အီဂျစ်ပြည်၌ အဖိုးအခမပေးဘဲ ငါတို့စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ငါတို့အောက်မေ့၏။
ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
အိ ဂျစ် ပြည် တွင် အ ဖိုး မဲ့ စား ရ သော ငါး သား မှ စ၍ သ ခွါး သီး၊ ဖ ရဲ သီး၊ ကြက် သွန် အ မြိတ်၊ အ ဥ၊ အ ဖြူ များ ကို အောက် မေ့ ကြ ၏။
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
ကောင်းကင်မိဖုရားများအား နံ့သာပေါင်းကို မီးရှို့မပူဇော်၊ သွန်းလောင်းရာပူဇော်သက္ကာကို မသွန်းလောင်းဘဲ ရပ်တန့်လိုက်သည့်အချိန်မှစ၍ အရာရာ၌ချို့တဲ့ပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ပျက်စီးရကြပြီ”ဟု ဆိုကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။