ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။
တောလည် 11:4 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ Common Language Bible ဣသရေလအမျိုးသားတို့နှင့်အတူလိုက် ပါလာသော နိုင်ငံခြားသားတို့သည်အသား ကိုတောင့်တကြ၏။ ဣသရေလအမျိုးသား တို့ကပင်လျှင်``အသားကိုစားချင်လှပါဘိ။- Garrad Bible လိုက် ပါ လူ ထု တို့ သည် တပ် မက် ကြ ရာ ဣ သ ရေ လ အ မျိုး သား တို့ က လည်း စား ရန် အ သား ကို မည် သို့ ရ ပါ အံ့ နည်း။ Judson Bible ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသော တစ်ပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တစ်ဖန်ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။ |
ထိုပညတ်ချက်ကို ကြားကြသောအခါ အစ္စရေးလူမျိုးတို့ထဲရှိ အမျိုးမစစ်သောသူအားလုံးကို ဖယ်ထုတ်ကြ၏။
သူတို့သည် တောကန္တာရ၌ အလိုဆန္ဒပြင်းပြကြ၍ ကန္တာရမြေ၌ ဘုရားသခင်ကိုစမ်းသပ်ခဲ့ကြ၏။
အခြားလူမျိုးများစွာတို့နှင့် သိုးဆိတ်များ၊ နွားများ စသည့် အလွန်များသောတိရစ္ဆာန်တို့သည်လည်း သူတို့နှင့်အတူထွက်သွားကြ၏။
“အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားပြီ။ သူတို့အား ‘သင်တို့သည် နေဝင်ချိန်၌ အသားကိုစားရ၍ နံနက်အချိန်၌ မုန့်ဖြင့်ဝလင်ကြလိမ့်မည်။ ထိုအခါ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင်
သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။
ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
ငါတို့ကို ဤတောကန္တာရထဲ၌ သေစေရန် နို့နှင့်ပျားရည်စီးသောပြည်မှ ထုတ်ဆောင်ခဲ့သည်မှာ မလုံလောက်ဘဲ ငါတို့အပေါ် မင်းအဖြစ် အုပ်စိုးလိုသေးသလော။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
သင်တို့သည် တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ် တို့၌လည်း ထာဝရဘုရားကို အမျက်တော်ထွက်စေခဲ့ကြ၏။