ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။
အကျွန်ုပ်သည်ဤတာဝန်ထမ်းဆောင်ရမည် ဟုဆိုလျှင် ကိုယ်တော်သည်အကျွန်ုပ်အား သနားသဖြင့်ယခုပင်အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှကင်းလွတ်စေတော်မူပါ'' ဟုထာဝရဘုရားအားလျှောက်ထားလေ သည်။
ကျွန် တော် မျိုး ၌ ထို သို့ ပြု တော် မူ မည် ဖြစ် လျှင် ဒု က္ခ ဆက် လက် မ တွေ့ စေ ခြင်း ငှါ မျက် နှာ သာ တော် ပေး ၍ အ ဆုံး စီ ရင် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။
ထိုသို့ အကျွန်ုပ်၌ပြုတော်မူလျှင်လည်းကောင်း၊ စိတ်တွေ့တော်မူလျှင်လည်းကောင်း၊ အကျွန်ုပ်ကို အလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ထာဝရဘုရားအားလျှောက်ဆို၏။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ထို့ကြောင့် ဤကိုယ်ခန္ဓာနှင့် နေရသည်ထက် အသက်ရှူကြပ်ပြီး သေသွားခြင်းကို လိုလားမိပါ၏။
သို့သော် သူတို့၏အပြစ်ကိုခွင့်လွှတ်လျှင်လည်း ခွင့်လွှတ်တော်မူပါ။ ထိုသို့မဟုတ်လျှင် ကိုယ်တော်ရေးမှတ်ထားသောစာရင်းမှ အကျွန်ုပ်ကိုပယ်ဖျက်တော်မူပါ”ဟု လျှောက်လေ၏။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
ထာဝရဘုရားသည် သင်ခံရမည့်အပြစ်ဒဏ်များကို ပယ်ရှားလိုက်ပြီ။ ရန်သူတို့ကိုလည်း သင့်ထံမှ ပြန်လှည့်သွားစေပြီ။ အစ္စရေးဘုရင်ထာဝရဘုရားသည် သင့်အလယ်တွင် ရှိနေသည်ဖြစ်၍ သင်သည် ဘေးအန္တရာယ်ကို ကြောက်ရတော့မည်မဟုတ်။
သင်တို့သည် မည်သည့်ချို့တဲ့မှုမျှမရှိဘဲ ရင့်ကျက်၍ပြည့်စုံသောသူဖြစ်ကြမည့်အကြောင်း ထိုသည်းခံခြင်းစုံလင်သည့်တိုင်အောင် ပြုစုကြလော့။