ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
တောလည် 10:34 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တပ်စခန်းမှ ခရီးပြုကြသောအခါ နေ့အချိန်၌ ထာဝရဘုရား၏မိုးတိမ်သည် သူတို့အပေါ်တွင် တည်၏။ Common Language Bible သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။ Garrad Bible နေ့ အ ချိန် ချ ရပ် ရာ မှ ချီ သွား တိုင်း ထာ ဝ ရ ဘု ရား၏ တိမ် တိုက် တော် သည် လွှမ်း မိုး လျက် နေ ၏။ Judson Bible သူတို့သည် နေ့အချိန်၌တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာရှိလေ၏။ |
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
သေတ္တာတော်ခရီးပြုသောအခါ မောရှေက “အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော့်ထံမှ ထွက်ပြေးကြပါစေသော”ဟု လျှောက်ဆို၍