အရုဏ်ဦးအလင်းကဲ့သို့ ပေါ်ထွက်သူ၊ လကဲ့သို့ တင့်တယ်သူ၊ နေကဲ့သို့ တောက်ပသူ၊ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားသူကား မည်သူနည်း။”
တောလည် 10:28 - မြန်မာ့စံမီသမ္မာကျမ်း ဤအစီအစဉ်အတိုင်း အစ္စရေးအမျိုးသားတို့သည် မိမိတို့တပ်ဖွဲ့အလိုက် ခရီးပြုကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် တပ် စဉ် အ လိုက် ထို သို့ ခ ရီး ကောက် ချီ ကြ သ တည်း။ Judson Bible ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားသောအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။ |
အရုဏ်ဦးအလင်းကဲ့သို့ ပေါ်ထွက်သူ၊ လကဲ့သို့ တင့်တယ်သူ၊ နေကဲ့သို့ တောက်ပသူ၊ အောင်လံလွှင့်ထူသောသူများကဲ့သို့ ခန့်ညားသူကား မည်သူနည်း။”
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။