ဂဒ်၏သားများမှာ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ တို့ဖြစ်ကြ၏။
တောလည် 1:24 - မြန်မာ့စံမီသမ္မာကျမ်း ဂဒ်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ Garrad Bible ဂဒ် အ နွယ် သား တို့ တွင် အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် အ လိုက် ရေ တွက် သော် စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော်၊ ဂဒ် အ နွယ် သား လေး သောင်း ငါး ထောင့် ခြောက် ရာ့ ငါး ဆယ်။ Judson Bible ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ |
ဂဒ်၏သားများမှာ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ တို့ဖြစ်ကြ၏။
ဂဒ်မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။
အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။
မောရှေမှာကြားခဲ့သည့်အတိုင်း ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားနှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့သည် စစ်အခင်းအကျင်းနှင့်တကွ အစ္စရေးအမျိုးသားတို့၏ရှေ့မှ ကူးသွားကြ၏။