သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
တောလည် 1:22 - မြန်မာ့စံမီသမ္မာကျမ်း ရှိမောင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ Garrad Bible ရှိ မောင့် အ နွယ် သား တို့ တွင် အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် ဦး ရေ အ လိုက် ရေ တွက် သော်၊ စစ် ချီ နိုင် သူ အ သက် နှစ် ဆယ် ကျော် ယောက်ျား၊ ရှိ မောင့် အ နွယ့် သား ငါး သောင်း ကိုး ထောင့် သုံး ရာ။ Judson Bible ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ရှိမောင်၏သားများမှာ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်အမျိုးသမီး၏သားရှောလ တို့ဖြစ်ကြ၏။
ငါ၏ကျောက်ဆောင်ဖြစ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်သည် ငါ၏လက်ကို စစ်မက်အတွက်လည်းကောင်း၊ ငါ၏လက်ချောင်းများကို တိုက်ပွဲအတွက်လည်းကောင်း လေ့ကျင့်ပေးတော်မူ၏။
ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊