ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
တိတု 3:15 - မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်အတူရှိသောသူအားလုံးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းအားဖြင့် ငါတို့အားချစ်ခင်သောသူများကို နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ Common Language Bible ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။ Garrad Bible ငါ နှင့် အ တူ ရှိ သ မျှ သော သူ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။ ယုံ ကြည် ခြင်း တ ရား၌ ငါ တို့ ကို ချစ် ခင် သူ တို့ အား နှုတ် ဆက် လော့။ ကျေး ဇူး တော် သည် သင် တို့ အ ပေါင်း နှင့် အ တူ တည် ရှိ စေ သ တည်း။ Judson Bible ငါ့ထံမှာရှိသောသူအပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွ ငါတို့ကို ချစ်သောသူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ တိတုဩဝါဒစာပြီး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်နှင့်အတူရှိသောသူအားလုံးသည် သင့်အား နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်းနှင့်တကွ ကျွန်ုပ်တို့ကို ချစ်ကြသောသူများအားလည်း နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးအပေါ် သက်ရောက်ပါစေသော။ တိတုဩဝါဒစာ ပြီးပါပြီ။ |
ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
ငါသည် ဤလက်များဖြင့် ငါမှစ၍ ငါနှင့်အတူရှိသောသူတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ငါခံရသောအချုပ်အနှောင်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သောတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ်၌ သင်ထားရှိသော သင်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည်ခြင်းအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။