အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
တမန်တော်ဝတ္ထု 9:42 - မြန်မာ့စံမီသမ္မာကျမ်း ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။ Common Language Bible ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။- Garrad Bible ယု ပ္ပေ တစ် မြို့ လုံး ကြား သိ၍ အ များ သော သူ တို့ သည် အ ရှင် ဘု ရား ကို ယုံ ကြည် ကြ၏။ Judson Bible ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြား သိကြ၍၊ လူများတို့သည် သခင်ဘုရားကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းသည် ယုပ္ပေတစ်မြို့လုံး ပျံ့နှံ့သွား၍ လူများစွာတို့သည် သခင်ဘုရားအား ယုံကြည်သက်ဝင်လာကြ၏။ |
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုကြောင့် သူတို့ကိုစွန့်ခွာ၍ ယေရှုကိုယုံကြည်ကြသောကြောင့်ဖြစ်၏။
တစ်ဖန် ယေရှုက“ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။
ထို့ကြောင့် ယခု သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။
“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။