အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
တမန်တော်ဝတ္ထု 9:38 - မြန်မာ့စံမီသမ္မာကျမ်း ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။ Common Language Bible လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။- Garrad Bible ယု ပ္ပေ မြို့ နှင့် နီး သော လု ဒ မြို့၌ ပေ တ ရု ရှိ ကြောင်း ကို တ ပည့် တော် တို့ ကြား သိ သည့် ကာ လ၊ ကျွန် တော် တို့ ထံ မ ဖင့် မ နွဲ့ ကြွ ခဲ့ တော် မူ ပါ ဟု လူ နှစ် ယောက် စေ လွှတ် ပင့် ခေါ် ကြ သည့် အ တိုင်း၊ Judson Bible လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသဖြင့် ပေတရုသည် လုဒ္ဒမြို့တွင် ရောက်ရှိနေကြောင်း ကြားသိသောတပည့်တော်များက လူနှစ်ယောက်ကို ပေတရုထံသို့လွှတ်၍ “ကျွန်ုပ်တို့ထံ အလျင်အမြန်လာပါ” ဟု တောင်းပန်ကြ၏။ |
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။
ထို့ကြောင့် ယခု သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။