ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် အနာကြီးရောဂါပျောက်ကင်း၍ စင်ကြယ်ခြင်းသို့ရောက်လေ၏။
တမန်တော်ဝတ္ထု 9:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ့်အိပ်ရာကို ကိုယ်သိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။ Common Language Bible သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။- Garrad Bible အို အဲ နေ၊ ယေ ရှု ခ ရစ် သည် သင့် ကို ကျန်း မာ စေ တော် မူ၏။ ထ၍ အိပ် ရာ ပြင် လော့ ဟု ဆို သည့် အ တိုင်း ချက် ခြင်း ထ သ ဖြင့်၊ Judson Bible ထ၍အိပ်ရာကိုသိမ်းလော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ချင်းထ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုက ထိုသူအား “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကို ကျန်းမာစေပြီ။ ထ၍ အိပ်ရာသိမ်းလော့” ဟု ဆိုသော် သူသည်ချက်ချင်းထလေ၏။ |
ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ“ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ”ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် အနာကြီးရောဂါပျောက်ကင်း၍ စင်ကြယ်ခြင်းသို့ရောက်လေ၏။
သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
ယေရှုသည် ဤပထမနိမိတ်လက္ခဏာကို ဂါလိလဲနယ်၊ ကာနမြို့၌ပြုလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
ပေတရုသည် ဤအခြင်းအရာကိုမြင်လျှင် “အစ္စရေးအမျိုးသားတို့၊ အဘယ်ကြောင့် ဤအမှုအရာကို အံ့သြကြသနည်း။ ထို့ပြင် ငါတို့သည် မိမိတို့တန်ခိုး၊ မိမိတို့အကျင့်သီလအားဖြင့် ဤသူလမ်းလျှောက်နိုင်ရန် လုပ်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်နေကြသနည်း။
ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။
ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်
သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။
လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။