ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
တမန်တော်ဝတ္ထု 9:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သောအရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ သူသည် မျက်စိပြန်မြင်လေ၏။ သူသည် ထ၍ ဗတ္တိဇံခံပြီး Common Language Bible ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။- Garrad Bible ရှော လု မျက် စိ မှ အ ကြေး သ ဖွယ် ကွာ ကျ သ ဖြင့် မြင် ပြန် သော အ ခါ ထ၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင်၊ Judson Bible ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ချက်ချင်းပင် ငါးအကြေးခွံကဲ့သို့သော အရာသည် ရှောလု၏မျက်စိမှ ကွာကျ၍ မျက်စိပြန်မြင်လေ၏။ ထိုအခါ သူသည် ထ၍ နှစ်ခြင်းမင်္ဂလာ ခံယူပြီးနောက် |
ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
အကျွန်ုပ်ထံသို့လာ၍ အနီး၌ရပ်ကာ ‘ငါ့ညီရှောလု၊ မျက်စိမြင်စေ’ဟု အကျွန်ုပ်အားဆိုလျှင် ထိုအချိန်၌ပင် အကျွန်ုပ်သည် သူ့ကိုမြင်ရပါသည်။
ယခုမှာ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထလျက် ကိုယ်တော်၏နာမတော်ကို ပတ္ထနာပြု၍ ဗတ္တိဇံခံပြီး သင်၏အပြစ်များကိုဆေးကြောလော့’ဟု ဆိုလေ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။