အကျွန်ုပ်၏ရန်သူတို့အလိုအတိုင်းပြုကြစေရန် အကျွန်ုပ်ကိုအပ်တော်မမူပါနှင့်။ အကြောင်းမူကား မုသားသက်သေတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြလျက် ရက်စက်ကြမ်းကြုတ်သောစကားကို တရစပ်ပြောဆိုကြပါ၏။
တမန်တော်ဝတ္ထု 9:1 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက် Common Language Bible ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊- Garrad Bible ရှော လု မူ ကား အ ရှင် ဘု ရား၏ တ ပည့် တော် တို့ အ ပေါ် တွင် ကြိမ်း မောင်း ခြင်း၊ လုပ် ကြံ ခြင်း များ ကို ရှု ရှိုက် သေး သည့် အ လျောက်၊ Judson Bible ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူသဖြင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ရှောလုသည် သခင်ဘုရား၏တပည့်တော်များကို ခြိမ်းခြောက်၍ သတ်ဖြတ်ရန် စိတ်ပြင်းပြနေသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံ သွား၍ |
အကျွန်ုပ်၏ရန်သူတို့အလိုအတိုင်းပြုကြစေရန် အကျွန်ုပ်ကိုအပ်တော်မမူပါနှင့်။ အကြောင်းမူကား မုသားသက်သေတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြလျက် ရက်စက်ကြမ်းကြုတ်သောစကားကို တရစပ်ပြောဆိုကြပါ၏။
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။