တမန်တော်ဝတ္ထု 8:35 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။ Common Language Bible ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။- Garrad Bible ဖိ လိ ပ္ပု သည် နှုတ် မြွက် လျက် ထို ကျမ်း ချက် က အ စ ပြု၍ ယေ ရှု ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော လေ၏။ Judson Bible ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖိလိပ္ပုက ထိုကျမ်းချက်ကို အခြေခံ၍ ယေရှုအကြောင်းကို စတင်ဟောပြောလေ၏။ |
ထို့နောက် ကိုယ်တော်သည် မောရှေနှင့်ပရောဖက်အပေါင်းတို့၏ကျမ်းများမှအစပြု၍ ကျမ်းစာတစ်ခုလုံးတွင် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အကြောင်းအရာတို့ကို သူတို့အား ရှင်းပြတော်မူ၏။
သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
အကြောင်းမူကား သူသည် ကျမ်းစာအားဖြင့် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ထောက်ပြလျက် လူအများရှေ့တွင် ဂျူးလူမျိုးတို့ကို ပိုင်နိုင်စွာချေပလေ၏။
ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
ဤသည်ကား ထာဝရဘုရားထံတော်မှ နှစ်သိမ့်လန်းဆန်းရာအချိန်အခါများကျရောက်လာ၍ သင်တို့အတွက် ကြိုတင်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသောယေရှုကို စေလွှတ်တော်မူရန်ဖြစ်၏။
ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။
ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော၊ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။
ကောရိန္သုမြို့သားတို့၊ ငါတို့သည် သင်တို့အား ပွင့်ပွင့်လင်းလင်းပြောဆို၍ ငါတို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားလေပြီ။