“လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။
တမန်တော်ဝတ္ထု 8:13 - မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။ Common Language Bible ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။ Garrad Bible ရှိ မုန် ကိုယ် တိုင် လည်း ယုံ ကြည် လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် ဖိ လိ ပ္ပု ကို ဆည်း ကပ် လျက် နိ မိတ် လ က္ခ ဏာ များ၊ ကြီး စွာ သော အံ့ ဖွယ် ရာ များ ကို ကြည့် မြင် ရ၍ အံ့ သြ မိန်း မော လေ၏။ Judson Bible ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက် ရှိလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ကိုယ်တိုင်ပင် ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာခံယူပြီးမှ ဖိလိပ္ပုထံ မှီဝဲဆည်းကပ်၍ နိမိတ်လက္ခဏာများနှင့် ကြီးမားသောအံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်ကို မြင်တွေ့ရသောအခါ အံ့ဩလျက်ရှိ၏။ |
“လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။
မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံခံကြ၏။
ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့အံ့သြခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။
နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။
ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။
သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။
သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။