ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
တမန်တော်ဝတ္ထု 5:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူငယ်တို့သည်ဝင်လာ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင် သယ်ဆောင်သွားလျက် သင်္ဂြိုဟ်ကြလေ၏။ Common Language Bible လူငယ်လူရွယ်များသည်လာ၍ အာနနိ၏ ရုပ်အလောင်းကိုအဝတ်နှင့်ပတ်ပြီးနောက် အပြင်သို့ထုတ်ယူသင်္ဂြိုဟ်ကြ၏။ Garrad Bible ထို့ နောက် သုံး နာ ရီ ခန့် ကြာ သော် အ ဖြစ် အ ပျက် ကို မ သိ ဘဲ မ ယား ဝင် လာ ရာ၊ Judson Bible လုလင်တို့သည်လည်းထ၍ အလောင်းကောင်ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူငယ်တချို့သည် လာ၍ သူ၏အလောင်းကို အဝတ်နှင့် ရစ်ပတ်ပြီးလျှင် သယ်ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။ |
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။
သုံးနာရီခန့်ကြာသောအခါ အာနနိ၏ဇနီးသည် ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုမသိဘဲ ဝင်လာ၏။
အလောင်းကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့၌ပင် မဖြစ်မနေသင်္ဂြိုဟ်ရမည်။ အကြောင်းမူကား ချိတ်ဆွဲထားခြင်းခံရသောသူသည် ဘုရားသခင်ကျိန်တော်မူခြင်းကိုခံရသောသူဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို မညစ်ညူးစေရ။