Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထို​သူ​တို့​သည် ယေရှု​၏​အလောင်း​တော်​ကို​ယူ​၍ ဂျူး​လူမျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်ရာ ဓလေ့​ထုံးစံ​အတိုင်း အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ထည်​များ​ဖြင့်​ပတ်စည်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

40 သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

40 ယုဒလူမျိုးတို့သင်္ဂြိုဟ်ထုံးအတိုင်း ယေရှု၏အလောင်းတော်ကိုနံ့သာပေါင်းထည့်၍ ပိတ်ထည်များနှင့်ပတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 ထို​သူတို့​နှစ်ဦး​သည် ဂျူးတို့​၏ သင်္ဂြိုဟ်ခြင်း​ဆိုင်ရာ ဓလေ့ထုံးတမ်း​နှင့်အညီ ယေရှု​၏​အလောင်းတော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ချော​ဖြင့် ရစ်ပတ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

40 ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:40
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​၏​အလောင်း​ကို​ဆေးစီရင်​ရန် မိမိ​အစေအပါး​ဆေးဆရာ​တို့​အား​အမိန့်ပေး​လေ​၏​။ ထို့ကြောင့် ဆေးဆရာ​တို့​သည် အစ္စရေး​၏​အလောင်း​ကို​ဆေးစီရင်​ကြ​၏​။


ဒါဝိဒ်​မြို့​ရှိ သူ​ကိုယ်တိုင်​ပြုလုပ်​ထား​သော​သင်္ချိုင်းဂူ​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့် နံ့သာဆီ​အမျိုးမျိုး​ဖြင့် ဖော်စပ်​ထား​သော​အမွှေးနံ့သာဆီ​ထည့်​ထား​သည့် အခေါင်းတလား​ထဲတွင် ထည့်​ထား​ပြီး သူ့​အဖို့ မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ကြ​၏​။


ဤ​အမျိုးသမီး​သည် ဆီမွှေး​ကို ငါ့​ကိုယ်​ပေါ်၌ သွန်းလောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်ဆင်​ခြင်း​ဖြစ်​၏။


သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။


သို့ရာတွင် ပေတရု​သည်​ထ​၍ သင်္ချိုင်း​တော်​သို့​ပြေး​သွား​ပြီး ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​ကို​သာ​တွေ့​သဖြင့်​ထို​အဖြစ်အပျက်​ကို​အံ့သြ​လျက် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။


ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။


ထို့ကြောင့် ယေရှု​က“ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အတွက် သူ​သည် ဤ​ဆီမွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်၍ သူ​ပြု​လို​ရာ​ပြု​ပါစေ။


ထို့နောက် လူငယ်​တို့​သည်​ဝင်လာ​၍ သူ​၏​အလောင်း​ကို အဝတ်​နှင့်​ပတ်ရစ်​ပြီးလျှင် သယ်ဆောင်​သွား​လျက် သင်္ဂြိုဟ်​ကြ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ