ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
တမန်တော်ဝတ္ထု 3:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်ထဲသို့ဝင်မည်ပြုသည်ကိုမြင်သောအခါ ပေးကမ်းစွန့်ကြဲရန်တောင်းခံလေ၏။ Common Language Bible သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။- Garrad Bible ထို သူ သည် ဗိ မာန် တော့် အ တွင်း ဝင် အံ့ ဆဲ ဖြစ် သော ပေ တ ရု နှင့် ယော ဟန် ကို မြင် သည့် ကာ လ အ စွန့် အ ကြဲ ခံ ရန် တောင်း လေ ၏။ Judson Bible ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဗိမာန်တော်သို့ ဝင်လာသည့်ပေတရုနှင့် ယောဟန်တို့ကို မြင်သောအခါ ငွေကြေးစွန့်ကြဲရန် တောင်းခံလေ၏။ |
ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
တစ်ခါက ပေတရုနှင့်ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုချိန်ဖြစ်သည့် မွန်းလွဲသုံးနာရီတွင် ဗိမာန်တော်သို့တက်သွားကြ၏။
ထိုသူသည် ပေတရုနှင့်ယောဟန်တို့ကို ဖက်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့ဩ၍ ရှောလမုန်မုခ်ဆောင်ဟုခေါ်သည့်နေရာ၌ရှိသော သူတို့ထံသို့ ပြေးလာကြ၏။
ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။