လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
တမန်တော်ဝတ္ထု 28:11 - မြန်မာ့စံမီသမ္မာကျမ်း သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမွှာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။ Common Language Bible သုံးလကြာသော်ကျွန်ုပ်တို့သည် ထိုကျွန်းတွင် ဆောင်းခိုနေခဲ့သည့်သင်္ဘောဖြင့်ရွက်လွှင့်ကြ၏။ သင်္ဘောသည်အာလေဇန္ဒြိမြို့မှလာ၍နတ် အမြွှာညီနောင်ဟုအမည်တွင်၏။- Garrad Bible သုံး လ ကြာ သော် ထို ကျွန်း တွင် ဆောင်း ခို သော နတ် ညီ နောင် ရုပ် ပါ အာ လေ ဇန် ဒြိ ယ မြို့ သင်္ဘော ကို ငါ တို့ စီး သွား ကြ လျှင်၊ Judson Bible သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဖူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးလကြာသော် ကျွန်ုပ်တို့သည် ထိုကျွန်း၌ဆောင်းကာလကတည်းက ရပ်နားထားသောသင်္ဘောဖြင့် ရွက်လွှင့်ကြ၏။ ထိုသင်္ဘောသည် အလက်ဇန်းဒါးမြို့မှ လာ၍ သင်္ဘောဦးတွင် နတ်ဘုရားအမြွာညီနောင်ရုပ် ပါရှိလေ၏။ |
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ထိုအခါ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ထာဝရဘုရားထံယဇ်ပူဇော်ပြီး ကတိသစ္စာပြုကြ၏။
သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
တစ်ကျွန်းလုံးကိုလှည့်လည်၍ ပါဖုမြို့အထိရောက်လျှင် ပရောဖက်အတုအယောင်ဖြစ်သည့် ဗာယေရှုအမည်ရှိသော ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြ၏။
ထိုမြို့တွင် တပ်မှူးသည် အီတလီပြည်သို့ရွက်လွှင့်မည့် အလက်ဇန္ဒြိယသင်္ဘောကိုတွေ့၍ ငါတို့အား ထိုသင်္ဘောပေါ်သို့တက်စေ၏။
ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
ထိုအခါ “လိဗေရတိန်”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။